ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

ညောင်ဦး  မေ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ရွာသစ်တောင်ကျေးရွာသို့ ဝေမျှခြင်း ပရဟိတ မိသားစုက ယနေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူ တော်အသင်းတာဝန်ရှိခံ ဦးဝင်းမင်းထွန်းထံ ကသိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာသို့ ဝေမျှခြင်းမိသားစုကသောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက် လှူဒန်းခဲ့ကြောင်းသိရ သည်။

ဒီပါလင်း