မောက်မယ် မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်မျိုးကွဲသစ်မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturus)ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပြည်သူများကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ကို လူစည်ကားရာစျေးတန်း ရပ်ကွက်စည်ပင်သာယာမြို့မစျေးရှေ့၌ ယနေ့နံနက် ၇ နာရီကစ၍ နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign အရှိန်အဟုန်မြှင့်တင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign အရှိန်အဟုန်မြှင့်တင်ပြုလုပ်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ်လိုက်နာကြရန်၊ ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ကြစေရေးလှုပ်ရှားမှုအဖြစ်(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)