တန့်ယန်းမြို့နယ်တွင် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးခြင်း ဆောင်ရွက်

တန့်ယန်း မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော မဲစာရင်းမှန်ကန်စေရေးအတွက် ပုံစံ(၁) အတည်ပြုနိုင်ရေး အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးခြင်းကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရွှေအိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့ ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။                          

မင်းလွင်ဦး(ပြန်/ဆက်)