တန့်ယန်း မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် ယမနန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား၊ ကျောင်းသူများအား အပ်နှံလက်ခံဆောင်ရွက်နေကြပြီဖြစ်သည်။
အဆိုပါ ကျောင်းအပ်နှံလက်ခံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက် အပ်နှံနေကြသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ စာရင်းရေးသွင်းခြင်း၊ အတန်းလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများ အခမဲ့ ပေးဆောင်လျက်ရှိပြီး မည်သည့်အခကြေးငွေမှ ကောက်ခံရယူခြင်းမရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)