ပုဗ္ဗသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး

ပုဗ္ဗသီရိ မေ ၂၃

ပုဗ္ဗသီရိမြို့နယ်၌ ယမန်နေ့ည ၁၀ နာရီခွဲခန့်က  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းမှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဝဲကြီးကျေးရွာအုပ်စု၊ အင်းတိမ်ကျေးရွာတွင် သုံးပင်လည် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း၊  နေအိမ်တစ်လုံးအမိုးလန်ခဲ့​ပြီး၊  ဝဲကြီးကျေးရွာ အ​ခြေခံပညာ မူလတန်းလွန်ကျောင်းရှေ့ရှိ လေးပေပတ်လည်ခန့် ပိတောက်ပင်ပြိုလဲခဲ့သဖြင့် ကျောင်းဝန်းအတွင်း ကျေးရွာအစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် ဆရာ၊ ဆရာမ နေအိမ်ရှေ့အဖီ အနည်းငယ်ပျက်စီးခဲ့ရာ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)