ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံလျက်ရှိ

ရမည်းသင်း မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် မေ ၂၃ ရက် နံနက် ၈ နာရီခွဲစ၍ ကျောင်းအပ်ခြင်းကို စတင်လက်ခံလျက်ရှိကြောင်း မြို့နယ်အခြေခံပညာဦးစီးဌာနက သိရသည်။

အဆိုပါကျောင်းအပ်နှံခြင်းကို "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအပ်နှံစို" ဆောင်ဘုတ်နှင့်အညီ ကျောင်းသားအသစ်လက်ခံရန် မွေးစာရင်းမိတ္တူ၊ မူရင်း၊ မိဘမှတ်ပုံတင်မိတ္တူ၊ မူရင်း၊ အိမ်ထောင်စုမိတ္တူ၊ မူရင်း၊ (၅) နှစ်အရွယ်ကလေးများကို မူလတန်း (KG) အပ်နှံခြင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) အပ်နှံခြင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာအချက်များ၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များအားလုံးနှင့် အရာထမ်းအမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများသို့မေတ္တာရပ်ခံချက်တို့ကို အသိပေးနိုးဆော်ကာ တန်းခွဲအလိုက် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များနှင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ပေးအပ်ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်း၊ အထကခွဲ (၁၃) ကျောင်း၊ အလက (၂၀) ကျောင်း၊ အလကခွဲ (၂၁) ကျောင်း၊ မူလွန် (၃၂) ကျောင်း၊ အမက (၁၂၄) ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၁) ကျောင်းစုစုပေါင်း (၂၃၅) ကျောင်းရှိကြောင်း မြို့နယ်အခြခံ ပညာဦးစီးဌာနစာရင်းများ အရ သိရသည်။

ဇော်ဝင်းအောင်