တံတားမြို့၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများ စတင်ကျောင်းအပ်လက်ခံ

တံတား မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျောင်းအပ်လက်ခံခြင်းကိုစတင်ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အခြေခံပညာကျောင်းမှကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက အတန်းအသီးသီးသို့လာရောက်အပ်နှံကြသော ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အဆင်ပြေစွာအပ်နှံနိုင်ရေးကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါကျောင်းအပ်နှံရေးကို မေ ၂၃ ရက်မှ ၃၁ ရက်နေ့ထိလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ အခမဲ့ကျောင်းအပ်နှံခွင့်၊ အထက်တန်း၊ အလယ်တန်းမူလတန်း ကျောင်းသား ကျောင်းသူများအတွက် ပုံနိပ်စာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)