ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

ချောင်းဆုံ မေ ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့ နံနက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် တစ်ပြိုင်တည်း ကျောင်းအပ်ခံနေပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံသူ ကျောင်းသား/သူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ပေးအပ်ပြီး Grade-1 မှ Grade-5 အထိ ကျောင်းသား/သူအတွက် ကျောင်းဝတ်စုံ(၁)စုံစီ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့ လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူလတန်းအဆင့်(၁၇၁၆၆)ဦး၊ အလယ်တန်းအဆင့်(၅၃၂၀)ဦးနှင့် အထက်တန်းအဆင့်(၂၅၅၄)ဦး စုစုပေါင်း(၂၅၀၄၀)ဦး ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)