မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မိုင်းယန်း မေ ၂၃

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်းကျောင်း (၁၀)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၄)ကျောင်း စုစုပေါင်း(၂၀)ကျောင်းရှိပြီး သက်ဆိုင်ရာအခြေခံ ကျောင်းများ၌ တာဝန်ခံကျောင်းအုပ်ကြီး များနှင့် ဆရာ၊ ဆရာမများတို့က ကျောင်းအပ်နှံရေး သီတင်းပတ်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းထူး