အမရပူရမြို့ပေါ်ရပ်ကွက်ကြီး ၉ခုတွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unite)များ စတင်ကောက်ယူ

အမရပူရ မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ယမန့်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ အမရပူရမြို့ပေါ် ရပ်ကွက်ကြီး ၉ ခုတွင် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unite) များ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unite) များ ကောက်ယူခြင်း လုပ်ငန်းအား ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်မင်း၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းနှင့် ဦးစီး(ရုံးချုပ်)၊ နေပြည်တော်သန်းခေါင် စာရင်းဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသီစိုးတို့ ဦးဆောင်၍ အဖွဲ့ငယ် (၅)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အမရပူရမြို့နယ်တွင်းရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်ကို အမရပူရမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အမရပူရမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကောက်ယူခဲ့ကြပြီး အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံး တွင် ဆက်လက်ဆောင်ရွက်ခဲ့ကာ ညနေ (၁၇၀၀)ချိန်တွင် (၉)ရပ်ကွက်အတွက် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unite) များ ကောက်ယူပြီးစီး ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)