လွိုင်လင်မြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းစတင်အပ်နှံ

လွိုင်လင် မေ ၂၃

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိကို သတ်မှတ်ထားရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ ကျောင်းသီးသီးတွင် ကျောင်းသားများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကိုလာမည့် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံ‌ပေးနေ့သည့် အခြေခံပညာကျောင်း များတွင် အသက် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်၊ အသက် ၆  နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1)သို့ အပ်နှံရန်၊ မိဘအုပ်ထိန်းသူပြည်သူများသို့ မေတ်တာရပ်ခံချက် (၁၃)ချက်နှင့် ကျောင်းအုပ်ဆရာ/ဆရာမအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး လိုက်နာရမည့် အချက်(၁၂)ချက်ကိုလည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်