ရန်ကုန် မေ ၂၂
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေနံနက်(၉)နာရီက ရန်ကုန်မြို့သိမ်ဖြူအားကစားကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှလာရောက်ယှဉ်ပြိုင်ကြတဲ့ တင်းနစ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ တင်းနစ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနဲ့ တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားကစားကြစေခြင်းဖြင့် တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင်အားကစားသမားများက အားကစာသစ္စာဓိဌာန်(၄)ချက်ကိုရွတ်ဆိုခဲ့ကြပြီး တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တင်းနစ်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို မေလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးပြည်နယ်များ အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၂)သင်းတို့မှ အားကကစားသမား(၁၀၀)ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်