စဉ့်ကိုင် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ YouthClubအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များပူးပေါင်း၍ ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း (အခမဲ့) ကို ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် စဉ့်ကိုင်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းပိတ်သည့်နွေရာသီကာလတွင် ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမျိုးသမီးငယ်ရွယ်သူများအနေဖြင့်လည်း ငွေကုန်သက်သာပြီး စွန့်ပစ်ပစ္စည်းများဖြင့် အိမ်တွင်းအလှဆင်တတ်စေရန်ရည်ရွယ်၍ ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးဒေါ်ခင်ဆန်း (သင်တန်းနည်းပြ) မှပလတ်စတစ်ပစ္စည်းများ ဖြစ်သော ဖျော်ရည်ဗူးခွံများ၊ ခေါက်ဆွဲခြောက်ဗူးခွံများ၊ ပိုက်များဖြင့် ပန်းပွင့်ပုံထိုးနည်း၊ ပန်းအိုးအလှဆင်နည်းများကို စနစ်တကျလက်တွေ့သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် Youth Club အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ ပန်းပွင့်ပုံထိုးနည်း၊ ပန်းအလှဆင်နည်း လက်တွေ့ပန်းအလှထိုးခြင်းများ ဆောင်ရွက်ခဲ့ကြရာ ပလတ်စတစ်ပိုက်ဖြင့် ပန်းအလှထိုးနည်း သင်တန်းတွင် သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း