တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲ ကျင်းပ

တာမိုးညဲ မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့မွန်းလွှဲ (၂)နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ကျောင်းသား/သူလေးများ ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌လည်း ပါဝင်ယှဥ်ပြိုင်လိုစိတ် ရှိစေရန်နှင့်  လူအများရှေ့တွင် အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသူ မလုလုက ကိုရွှေတောသား(ဆင်ကူး)ရေးသားထားသော “စာဖတ်​ကြစို့” ကဗျာဖြင့်လည်းကောင်း၊ ကျောင်းသူ မမေဇင်မိုးက မြေညွှန်ကိုကို၏ “တွေးတောဆင်ခြင်အမြင်မှန် “ ကဗျာဖြင့်လည်ကောင်း၊ မောင်အိုက်မွန်းက ကြည်နိုင်ရေးသားထားသော “ကြီးငယ်မဆိုသာ”ပုံပြင်​ဖြင့်လည်းကောင်း  အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခေါန်မိုင်(ပြန်/ဆက်)