ပုဇွန်တောင် မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း ကို အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီအချိန်က အရှိန်အဟုန်မြှင့် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် Sinopharm/Sinovac နှစ်ကြိမ်ထိုးနှံပြီး၊ ၆လပြည့်ပြီးသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster (Myancopharm) နှင့် Covidshield ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား ပထမအကြိမ် (အသက်၁၈နှစ်အထက်) ကို sinovacနှင့် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းပြင်ပ ကလေးများအား Sinopharm ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊၊ ပရဟိတအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပြီး ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင်