အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ စက်မှုလက်မှု အဆင့်မြင့်သင်တန်း အမှတ်စဉ်(၁)သင်တန်း ဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲကျင်းပ

ကလော မေ ၂၂

စက်မှုလက်မှုပညာရပ်များ တက်မြောက်၍ သင်တန်းဆင်ပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေးများ ဘက်စုံတိုးတက်ပြီးလူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊ နယ်စပ်ဒေသ စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက စက်မှုလက်မှု အဆင့်မြင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းဖွင့်ပွဲနှင့် ဆင်းပွဲအဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း တာဝန်ခံကျောင်းအုပ် ဦးခွန်စိုးစံမှ သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)မှ ထူးချွန်သင်တန်းသား ၂ ဦးနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသားများ ကိုယ်စားသင်တန်းသား ၁ ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့်သင်တန်းသား ၇၅ ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)