ကွမ်းခြံကုန်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့က ရေတိမ်ကျေးရွာအ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာသူ/ရွာသားများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းနှင့်ပြသထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာသိကောင်းစရာနံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါလာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနံရံကပ်စာစောင်များပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရသည်။
ဆွေနွယ်(IPRD)