လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းပဒံကျေးရွာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ရေသန့်၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် ချင်စုမြန်မာကုမ္ပဏီလီမိတက်(ရွှေကမ်းသာအိမ်ရာစီမံကိန်း)မှ အလှူငွေ (၃)သိန်း၊ ကိုနိုင် မိုဘိုင်းဆိုင်မိသားစု နိုင်ကျွန်းသာလမ်းမှ ရေသန့်ကတ်(၂၀)၊ ဦးသန်းထိုက်စိုး+ ဒေါ်မြမြဌေး မိသားစု ခိုင်ရတနာလမ်းမှ လေပန်ကာ(၂)လုံး၊ ဦးနေဇာတိုး+ဒေါ်ခင်စန်းမြင့်(စန်းစန်းစတိုး) ခိုင်ရတနာလမ်းမှ လေပန်ကာ(၁)လုံး၊ ကိုဝင်းကျော်+မယမင်းကြည် မိသားစု ရတနာရွှေကျောင်းလမ်းမှ လေပန်ကာ(၁)လုံး၊ ကိုစနေ အပြင်ပဒံကျေးရွာမှ လေပန်ကာ(၁)လုံးတို့အား လာရောက်လှူဒါန်းခဲ့ပြီး အတွင်းပဒံကျေးရွာ ကိုဗစ်−၁၉ ရောဂါ ကကွယ်ထိန်းချုပ်ရေးကော်မတီကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းမှ လက်ခံရယူပြီး ကျေးဇူးတင်းစကား ပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ် အတွင်းရှိ ပြည်သူများမှလည်း ပူးပေါင်းပါဝင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)