မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ကြေးပေးအပ်

မိုင်းပန် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက် (၈ဝ)မှ (၈၅) နှစ်ကြား သက်ကြီးဘိုးဘွား (၉၂) ဦးအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေ သုံးသောင်းကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက် (၇) နာရီအချိန်မှ စ၍ နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂ဝ၁၉-၂ဝ၂ဝခု၊ ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်အရ အသက် (၈ဝ)မှ (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ ဘိုးဘွား(၅၇)ဦး နှင့် ကျေးရွာအုပ်စု (၈)အုပ်စုမှ ဘိုးဘွား(၃၅)ဦး စုစုပေါင်း(၉၂)ဦးတို့အတွက် တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်း အသီးသီးသွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)