လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စုများအား စားသောက်ကုန်များနှင့် Mask များ ဆက်လက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့်  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၂၀) ရပ်ကွက်နှင့်၊ အမှတ်(၁၀)ရပ်ကွက် များရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲများ နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ မွန်းလွဲ (၂)နာရီခန့်က ပေးအပ်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင်(၁) မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀) ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၈၄)စု၊ အမှတ်(၁၀)ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၈) စုစုပေါင်း Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၉၂)စု တို့ကိုပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား(၁)ဘူး၊ ကြက်ဥ (၁၀)လုံး  ကုလားပဲ(၁)ထုပ်နှင့် နှာခေါင်းစည်း Mask များအား ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)