ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်တော်မြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၈၄)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့

ကျောက်တော် မေ ၂၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်တော်မြို့နယ်အတွင်း  မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ကျေးရွာအုပ်စု (၈၄) အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ပြည်သူများအား ထောက်ပံပေးအပ်ခဲ့သည်။
ကျောက်တော်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့နယ်အတွင်းမှ လက်ဆောင်ကောက်ကျေးရွာအုပ်စု၊ ဘုရားပေါင်းကျေးရွာအုပ်စု၊ သင်္ဂနကျေးရွာအုပ်စု၊ ကာဒီကျေးရွာအုပ်စု၊ ဝကင်း‌ကျေးရွာအုပ်စု၊ အ‌ပေါက်ဝ‌ကျေးရွာအုပ်စု၊ သရက်တပင်‌ကျေးရွာ အုပ်စုနှင့် လမ္မတော်ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု(၈၄)အုပ်စုတို့မှ လေဘေးသင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်ဆန်ရိက္ခာ လူတစ်ဦးတစ်ရက်လျှင်(၂)ဗူးနှုန်းဖြင့် (၅)ရက်စာအတွက် လည်းကောင်း၊ ဆီ လူတစ်ဦးတစ်ရက်လျှင်(၁)ကျပ်သားနှုန်းဖြင့် (၅)ရက်စာအတွက်လည်းကောင်း၊ ငပိ အိမ်ထောင်စုတစ်စုလျှင် (၁၅)ကျပ်သားနှုန်းဖြင့် ထောက်ပံ့ရိက္ခာများအား မြိုနယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မူဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူများအား ဆန်၊ဆီ၊ဆား၊ငပိရိက္ခာနှင့် ကယ်ဆယ်ပစ္စည်း(၁၇)မျိုးပါ Family Cit ပစ္စည်းဗူးများအား သွားရောက်ထောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း