ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ မဟာဂန္ဓာရုံ စာသင်ကျောင်းတိုက်ဓမ္မာရုံတွင် ယမန်နေ့လည်(၁၂)နာရီက မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) (၇၃)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ(၁၈၄၂)ဦးအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေစေတီကျောင်းတိုက် ဦးစီပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ငွေတွင်းတူးရကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ မြို့နယ်သံဃာ့နယကအဖွဲ့ဝင်များ၊ ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွေးနှင့် ခရိုင်/ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)မှ ဒုတိယဥက္ကဋ္ဌဒေါက်တာ ောင်မင်းကျော်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက မြို့နယ်သံဃာ့နာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ ငွေတွင်းတူးရကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးမှ ဩဝါဒကထာ မိန့်ကြားတော်မူပြီး ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ်သိန်းထွေးက သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)မှ ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်မင်းကျော်သူနှင့် တာဝန်ရှိသူများက ဆုပေးပွဲအခမ်းအနားအတွက် ဝတ္ထုငွေများလှူဒါန်းခဲ့ပြီး ဒေါက်တာအောင်မင်းကျော်သူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA (ဗဟို) (၇၃)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ၌ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ မတ္တရာ၊ ပုသိမ်ကြီး၊ ပျော်ဘွယ်မြို့နယ်များမှ ပထမအဆင့် ရိုးရိုးအောင်နှင့်အထူးအောင်မြင်သူ(၁၂၉၈)ဦး၊ ဒုတိယအဆင့် ရိုးရိုးအောင်နှင့် အထူးအောင်မြင်သူ(၄၅၆)ဦး၊ တတိယအဆင့်ရိုးရိုးအောင်နှင့် အထူးအောင်မြင်သူ(၈၈)ဦး စုစုပေါင်း(၁၈၄၂)ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ ဆက်)