ပေါင် မေ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးဆစ်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ကျွဲခြံကျေးရွာတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့်က တောင်သူများအနေဖြင့် ဘက်စုံပိုးမွှားရောဂါများကိုနည်းမှန်၊ လမ်းမှန်နှင့်စနစ်တကျ ကာကွယ်ကြရန်လိုအပ်ပါကြောင်း၊ မိုးစပါးဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းကို တက်ရောက်ခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် သွင်းအားစုများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲခြင်းဖြင့်တောင်သူများ ဘက်စုံပိုးမွှားရောဂါများကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နေ့လယ်ပိုင်းတွင်အဟောက်ကျေးရွာ မြတ်ရတနာခန်းမ၌လည်း မိုးစပါးဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် သွင်းအားစုများကို စနစ်တကျ စီမံ့ခန့်ခွဲသုံးစွဲနည်းပညာပေးသင်တန်း ကိုလည်းဆက်လက်ပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်သန်းသန်းဆင့်နှင့် ခရိုင်၊ မြို့နယ်ရှိသင်တန်းဆရာများနှင့်နောင်သူ(၅၆)ဦးခန့် တက်ရောက်ကြပြီး သရုပ်ပြပွဲများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)