ဥတ္တရသီရိ မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” ဆောင်းပါး ခေါင်းစဉ်မှ အကြောင်းအရာများကို စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေသားသည့် “လူငယ်များ၏ ရွှေရောင် မနက်ဖြန်” ဆောင်းပါးခေါင်းစဉ်မှ အကြောင်းအရာများကို ဥတ္တရသီရိမြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာမ ရဿဝတီ မေနန်း၊ စာရေးဆရာစိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ မောင်မောင်တာ(သဘာဝ)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာနွေဦးကိုကို တို့က အသီးသီး ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ ဆက်)