အ.ထ.က(မိုင်းဆတ်)ကျောင်း၌  ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုင်းဆတ် မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာများ စုပေါင်း၍ အ.ထ.က (မိုင်းဆတ်)ကျောင်းတွင် ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဖွင့်ချိန်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်းရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်လှည်းခြင်း၊ ကျောင်းခန်းအတွင်းတံမြက်စည်းလှည်းခြင်းနှင့် စည်ပင်သာယာရေးဌာန အမှိုက်သယ်မော်တော်ယာဥ်ဖြင့် အမှိုက်များသယ်ယူစွန့်ပစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အမှတ်(၁၄)စစ်ဆင်ရေူကွက်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်