ငါန်းဇွန်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ငါန်းဇွန် မေ ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပင်များ၊ မြက်ပင်များနှင့် အမှိုက်သရိုက်များအား ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)