လွိုင်လင်မြို့ အ.ထ.က(၂)ကျောင်းရှေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လွိုင်လင် မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာကျောင်းရှေ့တွင် သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၇)နာရီက ဆောင်ရွက်ကြကြောင်းသိရသည်။

အခြေခံပညာကျောင်းများ၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဇွန်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသူ ကျောင်းသားများသည် စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က လိုက်လံကြည့်ရှုအားပေးကြသည်။

ခရိုင်ပြန်/ဆက်