ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုင်းရှူး မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မို င်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်(၀၇း၀၀) နာရီချိန်က မိုင်းရှူးမြို့အ‌ခြေခံပညာ အထက်တန်းကျောင်း၌ စု‌ပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှအရာရှိ၊ စစ်သည်များ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍  အဆိုပါနေရာများတွင် အမှိုက်များနှင့်ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း ၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို အင်အား(၁၈၀)ဦးက  စုပေါင်း ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 သန်းလူ(ပြန်/ဆက်)