မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုင်းပန် မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီ အချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး ဇော်လင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့၏ဦးဆောင်မှုဖြင့် တပ်မတော်အရာရှိများ၊ တပ်မတော်သားများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းဝင်းအတွင်း အမြင်မသင့်တော်သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းပင်များနှင့် အမှိုက်သရိုက်များ စုပေါင်းရှင်းလင်းခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)