ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် အကြိုအထိမ်းအမှတ် မင်္ဂလာပါ ဗိုလ်ချုပ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဒဂုံအရှေ့  မေ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်မင်္ဂလာပါဗိုလ်ချုပ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြို့နယ် စာရေးဆရာအသင်း၊ စာပေပညာရှင်များနှင့် စာပေချစ်မြတ်နိုးသူများကို ယခုကဲ့သို့ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ် စာပေကဏ္ဍတိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေသူအဖြစ် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဒေါ်တိုးကြည်စာရေးက လောင်အမည်မြ ကြေးမုံ(ရတနာဆောင်)က မင်္ဂလာပါဗိုလ်ချုပ်စာအုပ်တွင် သူမကိုယ်တိုင်ရေးသားထားသော ဝတ္ထုတိုဖြစ်သည့် ကျည်ဆန်တွေကိုမုန်းတယ် မေမေဝတ္ထုတိုနှင့် ဦးဆောင်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများက ၎င်းစာအုပ်တွင်ပါဝင်သော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအထိမ်းအမှတ် မင်္ဂလာပါဗိုလ်ချုပ်စာအုပ်သည် လေအန်ကုန်း ကလောင်စုံကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများဖြင့် စုစည်းထားရှိရာ ကဗျာ ၁၀ ပုဒ်၊ ဆောင်းပါး ၁၆ ပုဒ်၊ ဝတ္ထု ၃ ပုဒ်ဖြင့် စုစည်း၍ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ထုတ်ဝေထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)