ကြည့်မြင်တိုင် မေ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့် စာရေးဆရာမ တင့်တယ်ခင်တို့က ကမ္ဘာ့ပေါ်၌ ထင်ရှားသော ပြတိုက်ကြီးများအကြောင်း၊ မြန်မာနိုင်ငံရှိ ပြတိုက်ကြီးများအကြောင်း၊ ပြတိုက်များတွင် ပါဝင်ပြသထားသည့် အကြောင်းအရာများ၊ ပြတိုက်များ၏ လူထုအကျိုးပြုမှုများ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် အသိပညာပေး လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)