မရမ်းကုန်းမြို့နယ်ရှိ မြို့ပြရပ်ကွက်များအား ၂၀၂၄ ခုနှစ် လူဦး​ရေနှင့်အိမ်အ​ကြောင်းအရာ သန်း​ခေါင်စာရင်း​ကောက်ယူနိုင်​ရေး စတင်​ဆောင်ရွက်

မရမ်းကုန်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့ပြရပ်ကွက်များအား ၂၀၂၄ ခုနှစ် လူဦး​ရေနှင့်အိမ်အ​ကြောင်းအရာ သန်း​ခေါင်စာရင်း​ကောက်ယူနိုင်ရန်အတွက်ဆောင်ရွက်ခြင်းကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၌​ ဆောင်ရွက်ခဲ့သည်။

ထိုသို့သန်း​ခေါင်စာရင်း​ကောက်ယူရာတွင် GIS နည်းပညာဖြင့် Census Units များ​ရေးဆွဲခြင်း လုပ်ငန်း​များကို ရပ်ကွက်အတွင်းရှိတာဝန်ရှိသူများနှင့် ​ဆောင်ရွက်လျက်ရှိပြီး အဆိုပါ​ဆောင်ရွက်​နေမှုများ ကိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)