မြစ်သား မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်သီလင်ကျေးရွာအုပ်စု၊ သီလင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့(၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံစိုးနှင့် တာဝန်ရှိသူများက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဆုံးရှုံးသွားသောအုတ် နံရံကပ်၊ သွပ်မိုးနေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀ိ/-)ကျပ် ပလပ်စတစ်ပုံး(၁)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် သွပ်မိုး၊ ထရံကာနေအိမ်(၁) လုံး အတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ် အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၆)ဦး အတွက်ဆန်ရိက္ခဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၁၂၆၀၀ိ/-)ကျပ် ပလပ်စတစ်ပုံး(၁)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးရှိ စုစုပေါင်းအိမ်ထောင်စု (၂)စုအတွက် (၃၂၅၂၀၀ိ/-)ကျပ် ပလပ်စတစ်ပုံး (၂)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၃၄)မျိုး တို့အား သီလင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဆုံးရှုံးသွားသော မိသားစုများ အားလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)