မန့်ဟီးရီုး မေ ၁၉
နွေရာသီအကုန် မိုးရာသီအကူးအပြောင်းကာလတွင် မကြာခဏဖြစ်တတ်သော သဘာဝမုန်တိုင်း အန္တရာယ်နှင့်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုများကို ကြိုတင်ကာကွယ် နိုင်ရန်အပြင် မုန်တိုင်းရိုက်ခတ်မှု ကြုံတွေ့လာလျှင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်တို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဒေသခံပြည်သူများအား အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက် (၁၁း၀၀)နာရီအချိန်က ပြသဆောင်ရွက်ထားလျက်ရှိပါသည်။
အဆိုပါ နံရံကပ်စာစောင်များတွင် ဒေသခံပြည်သူများကို သဘာဝအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် ကြုံတွေ့လာလျှင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်နည်းလမ်းများ၊ မုန်တိုင်းကျရောက်ခဲ့လျှင် အသက်အန္တရာယ်ထိခိုက်မှု မရှိစေရေးအတွက် နေထိုင်ရမည့်ပြင်ဆင်နေထိုင်မှုများ၊ အဆောက်အဦးဟောင်းများနှင့် သစ်ပင်အိုကြီးများ အနီးအနားတွင် ရှောင်ကြဉ်နေထိုင်ကြစေရန်၊ သဘာမုန်တိုင်းအန္တရာယ်ကျရောက်ပြီး မိုးကြီးရေလျှံဖြစ်ပွားခဲ့လျှင် ရေကြီး၊မြေပြိုမှုများ ကာကွယ်နိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ၊မုန်တိုင်းကျ ရောက်ပြီးချိန်တွင် အစာနှင့်ရေမသန့် ရှင်း၍ ဝမ်းရောဂါများဖြစ်ပွားနိုင်သောကြောင့် ရေကို ကြိုချက်သောက်သုံးသင့်ကြောင်းနှင့် ဝမ်းရောဂါကြိုတင်ကာကွယ်ဆေးများ ကြိုတင်သောက်သုံးသင့်ကြောင်း အသိပညာပေး နှိုးဆော်သည့် စာစောင်များကို နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားပါသည်။ ထိုသို့အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာ ကြကြောင်း သိရပါသည်။
ဆက်ပိုင်(ပြန်/ဆက်)