လယ်ဝေး မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် လူနေအိမ်များပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါပျက်စီးခဲ့သည့်နေအိမ်များအတွက် နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ညနေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့ (၇) ရပ်ကွက်မှ နေအိမ် ၁ လုံးသစ်ပင်ပိခြင်းနှင့် ရေအိုးစဉ်အုပ်စု၊ ဇီးကုန်းကျေးရွာရှိ နေအိမ် ၁လုံး၊ ရုံးပင်အုပ်စု၊ ရုံးပင်ကျေးရွာရှိ လူနေအိမ် ၁ လုံးနှင့် ချောင်းခွအုပ်စု၊ ချောင်းခွကျေးရွာရှိလူနေအိမ် ၁ လုံး စုစုပေါင်း လူနေအိမ် ၃ လုံး အမိုးလန်ခြင်းတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၅၄၀၀၀ ကို လေဘေးသင့် အိမ်ထောင်စု ၄ စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)