လွိုင်လင် မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက အဆိုပါရုံးတွင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာ၌ ယနေ့တွင် လွိုင်လင်မြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက် မှ တောင်သူ (၂၀)ဦး၏ စပါးစိုက်ဧက (၆၀) အတွက် တစ်ဧကလျှင် ကျပ် (၁ သိန်းခွဲ)နှုန်းဖြင့် ချေးငွေကျပ်(သိန်း ၉၀)ကိုလည်းကောင်း၊ ပြောင်းစိုက်ဧက (၄) ဧကအတွက် တစ်ဧကလျှင် ကျပ်(၁)သိန်းနှုန်းဖြင် ထုတ်ချေးငွေ ကျပ်(၄)သိန်းကို လည်းကောင်း၊ စုစုပေါင်းထုတ်ချေးငွေကျပ် (၉၄.၀)သိန်းကို လွိုင်လင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ခရိုင်မန်နေဂျာ ဦးဇော်မင်းခိုင်က တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
လွိုင်လင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးခြင်းကို လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်စသည့် မြို့နယ်များတွင် စပါးစိုက်ဧက (၂၂၃၅၀)ဧက၊ ပြောင်းနှင့်အခြားစိုက်ဧက (၄၉၄၅)ဧက၊ စုစုပေါင်း (၂၇၁၉၅)ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၃၈၃၇၀.၀)ကို ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း လွိုင်လင်ခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ခရိုင်ပြန်/ဆက်