ပုဇွန်တောင် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ အမှတ်(၂)ရပ်ကွက် ၅၄ လမ်းတိုတွင် ခြင်အန္တရာယ်ကင်းဝေးရေးနှင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့သန့်ရှင်းရေးဆောင်ရွက်ရာ၌ အမှတ် (၂)ရပ်ကွက် ၅၄ လမ်းတိုတွင် ရေစီးရေလာမှ လုပ်သား ၈ ဦး၊ ပတ်သန့်လုပ်သား ၄ ဦးတို့ဖြင့် ရေမြောင်းဆယ်ယူရှင်းလင်းခြင်းကို ဆောင်ရွက်ပြီး ထွက်ရှိလာသော မြောင်းချေးများကို မော်တော်ယာဉ်ဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းမကြီးများရှိ ရေနုတ်မြောင်းများအား ခြင်အန္တရာယ်ကင်းဝေးစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် နေ့စဉ်ရှင်းလင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်