ဒေါင်းချောင်းတံတား အရေးပေါ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး

ဂွ မေ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား အရေးပေါ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ယနေ့နေ့လယ်ပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 အဆိုပါ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဝင်များက ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား အရှည် ၁၅၀ပေ၊ အကျယ်၁၅ပေရှိ ကန့်လန့်ထည့်ထားသည့် ဒေါင်းချောင်းပူးပေါင်း စစ်ဆေးရေးဂိတ် ဘက်ခြမ်းမှ (၆)ခုမြောက် သံယက်မတစ်ချောင်းမှာ ကျိုးနေသဖြင့် လမ်းအထူးအဖွဲ့(၁၆)မှ ယာဥ်သွားလာမှု မပြတ်တောက်စေရန် အရေးပေါ်  ပြန်လည်ပြုပြင်လျက်ရှိသည်ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် တံတားအား ယနေ့ညနေ ၆ နာရီအထိ ကုန်တင် ကားကြီးများ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်