သပိတ်ကျင်းမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း  မေ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်( ၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ဘာသာပြန်ဆိုရေးသားသည့် "ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာပေအကြောင်းအရာများ၊ ဗဟုသုတများအပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိစေရန် ရည်ရွယ် ချက်များဖြင့် စာဖတ်ဝိုင်းကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်၊ ထို့နောက်ဓာတ်ပုံ ကျွမ်းကျင်(၂)ဦးစိုးနိုင်ဝင်းက  "ခက်ခဲကျပ်တည်း​ သောအချိန်မှာ စိတ်ချမ်းမြေ့စရာ" စာအုပ်မှ ပျော်ရွှင်​ခြင်း၏အရေးပါမှု၊ အခက်အခဲများကိုကျော်ဖြတ်ခြင်း၊ အကျပ် အတည်းများကို အောင်နိုင်ခြင်း၊ ခေါင်းစဥ်များမှ နေ့စဥ်စိန်ခေါ်ခြင်းများနှင့် ဖြတ်သန်းနေကြရသောသူများအတွက် စိတ်အားတက်ကြွဖွယ်ရာများ၊ အားတက်စရာအကြောင်းအရာများ၊ အနာဂတ်ဆီသို့ဘယ်ကဲ့သို့ ရောက်အောင်သွားရမည်ဆိုသည့် အချက်များအားဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများမှ မိမိတို့၏အ​မြင်များ၊ လေ့လာသုံးသပ်ချက်များအားဝိုင်ဝန်းမေးမြန်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)၊သပိတ်ကျင်း