သင်္ဃန်းကျွန်းမြို့နယ်ရှိ​ လေဘေးသင့်အိမ်ထောင်စု(၄)စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း

သင်္ဃန်းကျွန်း မေ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၁၄.၅.၂၀၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခဲ့သည့် လေဘေးသင့် အိမ်ထောင်စု(၄)စုရှိ ကျား(၉)၊ မ(၁၁)၊ ပေါင်း(၂၀)ဦးအတွက် ခရိုင်ဘေးအန္တရာယ်‌ဆိုင်ရာ စီမံခန့်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရိန်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများကို ယနေ့နံနက် ၁၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေဘေးသင့် အိမ်ထောင်စု()စုအား အိမ်ဆောက်ပစ္စည်းအတွက် ၃၀၀၀၀၀/-ကျပ်၊ ဆန်ရိက္ခာအတွက် ၄၂၀၀၀/ကျပ် စုစုပေါင်း ၃၄၂၀၀၀/-ကျပ်နှင့် ပစ္စည်း(၁၇)မျိုးပါ ကော်ပုံး(၂)ပုံး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)