မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ကလေးအလုပ်သမားပပျောက်ရေး Talk Show ကျင်းပ

မဟာအောင်မြေ  မေ  ၁၉

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကလေးအလုပ်သမားပပျောက်ရေး Talk Show ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က  ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး Talk Showတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာ စာရေးဆရာ (လူဝင်းဖေ) ကကလေးအလုပ်သမားပပျောက်ရေးသည် အလွန်အရေးကြီးကြောင်း၊ တိုင်းပြည်ရဲ့အနာဂတ်မှာမျိုးဆက်သစ်လူငယ်တွေ၊ တန်းဖိုးရှိတဲ့ လူငယ်တွေ မဆုံးရှုံးစေဖို့၊ ကလေးအလုပ်သမားပြဿနာကို သတိကြီးစွာထားရှိဖို့၊ အစိုးရနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာလည်းတာဝန်ရှိပြီး အားလုံးပူးပေါင်းမယ်ဆိုရင် ကလေးအလုပ် သမားပပျောက်ပြီး အဆိုပါလုပ်ငန်းစဉ်သည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အောင်ဇော်မင်း