သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနဌာန၌ "အမွေခံတစ်ရောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ်  မေ ၁၉

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်အေးအေးသီကစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့ အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍​ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်တွင်ပါရှိသည့် "လူငယ်တွေအတွက်လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ" အကြောင်းအရာပါ လူငယ်တွေအတွက်လူကြီးတွေ ဘာတွေပြင်ဆင်ထားသင့်သဲ၊ ကိုယ့်သားသ မီးတွေကိုအိမ်ပျက်ကြီးတော့အမွေမပေးချင်ပါဘူး၊ စိတ်ဓာတ်အခြေခံကောင်းများရှိသော လူ ငယ်များဖြစ်အောင်၊ စသည့်အကြောင်းအရာ များကို  Book Club အသင်းဝင်ဦးမင်း ကျောင်ဝင်းကဖတ်ကြားဆွေးနွေးသည်။ဆက်လက်၍ "သူတို့ပြောတဲ့မြန်မာအကြောင်း" အ​ကြောင်းအရာပါ ​မြန်မာဘာသာစကားမလေ့လာခင် မြန်မာအကြောင်းဘာမှမသိပါဘူး၊ မြန်မာဘာသာစကားဆိုတာ ပထမဆုံး မြန်မာအက္ခရာ သည်အဓိကဖြစ်ကြောင်း၊ အိုဆာကာနိုင်ငံ ခြားဘာသာသင်တက္ကသိုလ်မှာ မြန်မာစာသင်ကြားပေးနေသောကြောင့် နိုင်ငံခြားသား ကျောင်းသားတစ်ယောက်၏ဝမ်းသာပျော်ရွင်နေပုံ၊စသည့်အကြောင်းအရာများကို Book Club အဖွဲ့ဝင် ဦးဘဆွေကဖတ်ကြားဆွေးနွေးသည်။

ထို့​နောက် "မြန်မာစကားပုံဖော်ပြသောသဘာဝဝန်းကျင်အလှများ" အကြောင်းအရာပါ မြန်မာနိုင်ငံ၏ ၁၂ လရာသီပတ်လုံး သူရာသီနှင့်သူ လှပသောနိုင်ငံဟူ၍ နိုင်ငခြားအထူပြုဘာသာ ရပ်တွင်ဖော်ပြထားကြောင်း ဤစာအုပ်တွင်ရေးသားထား၍ မြန်မာတွေဂုဏ်ယူရပါကြောင်း Book Club အသင်းဝင်ဦးစံသောင်းကဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့နယ်အတွင်းစာ​ပေဝါသနာရှင်များမှ စာအုပ်ပါ အကြောင်းအ ရာများကိုအပြန်အလှန်ဆွေး နွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာ​ပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊စာပေမှရရှိသည့် အသိဖြင့် သူတပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ် ၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)