မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမုခါတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား မြို့နယ်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေး

မာန်အောင် မေ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မေလ၁၄ရက်နံနက်ပိုင်းက တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်နှင့်အဖွဲ့တို့က ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အမိုးလန်ပျက်စီးသွားသောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားသွားရောက်ကြည့်ရှု စစ်ဆေးကြပြီး စာသင်ကျောင်းများအား ကျောင်းဖွင့်ရက်အမှီဆောင်ရွက်ပေးမည့် အစီအမံများကို ဒေသခံပြည်သူများအား ပြောကြားပြီး အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)