မိုင်းဖြတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁)တပ်မတော်ဆေးရုံ ခုတင်(၁၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နမ့်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၁)တပ်မတော်ဆေးရုံမှ ဗိုလ်မှူး ကျော်စွာဝင်းဦးစီးသည့် တပ်ဖွဲ့ဝင်များသည် နမ့်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ (၁၅၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့)ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ကျန်းမာရေး လာရောက်ကုသသူများအား အချိုရည်နှင့် မုန့်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)