လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

လှိုင် မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မေလ ၃၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့​ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး ​ Talk Show ကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက အဆိုပါ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းနာယက ဆရာဦးမင်းဆက်ပိုင်က ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများအကြောင်းနှင့် ဆေးလိပ်သောက်ခြင်းဖြင့် ရရှိနိုင်သောရောဂါများအကြောင်းစသည့်တို့ကို အသိပညာ​​ပေး​ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းသီတာမိုး(ပြန်/ဆက်)