ကျောက်မဲ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၃ခုနှစ်၊မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့အဝင် ပင်လုံလမ်းမကြီးဘေးတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုရဲမှူးကြီးနိုင်ထွန်းသူက အဖွင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးနိုင်ထွန်းသူ၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီး ပေးအပ်ကြသည်။
ယင်းနောက်သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း/ပလောင် စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် ကျောက်မဲမြို့နယ် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ စုစုပေါင်းအင်အား ၁၅၀ ဦးခန့်ကသတ်မှတ်နေရာ အသီးသီးတွင် မဟော်ဂနီ ၁၀၀ ပင်၊ ချယ်ရီ ၁၀၀ ပင်၊ ခါတော်မီ ၅၀ ပင်၊စိန်ပန်း ၅၀ပင် စုစုပေါင်း အပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးကြပြီး ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)