ဇမ္ဗူသီရိ မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုး ထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ မဖွင့်လှစ်မီ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင် ရေးအတွက် ကျောင်းသန့်ရှင်းရေးနှင့် ရေမြောင်းများအတွင်း အမှိုက်များကင်းရှင်းပြီး ရေစီးရေလာကောင်းမွန်စေရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)