တာချီလိတ် မေ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်/မြို့နယ်စုပေါင်းရုံရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်မည့် ဝန်ထမ်းသား/ သမီးများတွင် တက္ကသိုလ် အဆင့် ၉ ဦး၊ အထက်တန်းအဆင့် ၅ ဦး၊ အလယ်အတန်းအဆင့် ၆ ဦး၊ မူလတန်းအဆင့် ၁၇ ဦး၊ မူကြိုအဆင့် ၄ ဦး၊ စုစုပေါင်း ဝန်ထမ်းသား/ သမီး ၄၁ ဦးတို့အား ပညာသင်စရိတ်နှင့် စာရေးကိရိယာများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)