မိုးနဲ မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး အရှိန်အဟုန်မြှင့်ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးများကို စဥ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ စာရင်းများရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများကို First Booster Dose အဖြစ်လည်းကောင်း၊ Booster Dose ထိုးနှံပြီး၍ ၆ လပြည့်ပြီးသူများကို Second Booster Dose အဖြစ်လည်းကောင်း၊ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်လုံးလျှင် (၅) ယောက်နှုန်းဖြင့် နံနက် ၉ နာရီအချိန်မှ ၁၀ နာရီအချိန်ထိ လာရောက်ထိုးနှံသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူ ၅၀ ဦးကျော်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)