ရွှေကူမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ

ရွှေကူ မေ ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယ‌မန်နေ့ ညနေ ၃ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဒေါ်ယုယုလွင်က ယခုဖွင့်လှစ်သင်ကြားပေးခဲ့သော နွေရာသီ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှ သင်တန်းဆရာများ၏ သင်ကြားပို့ချမှုများကို မမေ့မလျော့ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်လူမျိုးများ ဖြစ်သည်နှင့်အညီ  နှလုံးသားထဲ၌ ဘုရားတည်၍  ယဉ်ကျေးလိမ္မာသောသူအဖြစ် နေထိုင်သွားနိုင်ကြရန် လိုအပ်ကြောင်း တို့ကို မှာကြားခဲ့သည်။

ယင်းနောက် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြသော သင်တန်း ဆရာမ ၃ ဦးတို့က အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်း သင်တန်းသူ/သင်တန်းသား ၂၅ ဦး တို့အား သင်တန်းဆင်းလက်မှတ်များ အင်္ကျီ၊ ဗလာစာအုပ်၊ ရောင်စုံခဲတံစသည့် လက်ဆောင်ပစ္စည်း များကို အသီးသီး ပေးအပ်ခဲ့ကြကြောင်းနှင့် သင်တန်းတွင် နှလုံးသားထဲတွင် ဘုရားတည်ခြင်း၊ ဘုရား ရှိခိုးခြင်း၊ ဘုရားဂုဏ်(၉)ပါး၊ တရား ဂုဏ်(၆)ပါး၊ သံဃာဂုဏ်(၉)ပါး၊ ကံကံ၏အကျိုး၊ မေတ္တာပို့အမျှဝေ၊ ကာယကံ၊ ဝစီကံ၊ မနောကံ (ယဉ်ကျေးခြင်း)နှင့် ဗုဒ္ဓဝင်ပုံပြင်ကဗျာရွတ်ဆိုခြင်း ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၆ ရက်မှ မေလ ၁၈ အထိ ၃ ရက်တာ သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)